Facebook ကြော်ငြာများက "စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်း" ကို အသုံးပြုပုံ
လင့်ခ်ကို ကူးယူရန်
ကျွန်ုပ်တို့သည် လူများကို Meta အကောင့်များဆီ ဖြည်းဖြည်းချင်း ပြောင်းရွှေ့ပေးနေပါသည်။ သင့်အကောင့်ဆက်တင်များကို စီမံရန်နေရာအဖြစ် အကောင့်စင်တာ ဖြစ်စေ၊ Meta အကောင့်ဆက်တင်များဖြစ်စေ သင်မြင်တွေ့နိုင်ပါသည်။
သင်သည် ဥရောပဒေသ သို့မဟုတ် ယူနိုက်တက်ကင်းဒမ်းတွင် နေထိုင်ပါက သင်၏ ကြော်ငြာရွေးချယ်မှုများမှာ ကွဲပြားပါသည်။ သင်၏ ကြော်ငြာရွေးချယ်မှုများအကြောင်း ပိုမိုလေ့လာလိုက်ပါ။
ကျွန်ုပ်တို့သည် သင်အား ပြသပေးမည့် ကြော်ငြာများကို ဆုံးဖြတ်ရာတွင် သတ်မှတ်ထားသောအချိန်တစ်ခုအတွင်း သင့်အား ပြသရန် အကောင်းဆုံးကြော်ငြာအဖြစ် ဆုံးဖြတ်ရန်အတွက် ကြော်ငြာသူများ၏ ပရိသတ်ရွေးချယ်မှုများနှင့် ကျွန်ုပ်တို့၏ ကြော်ငြာလေလံ ရလဒ်များကို အသုံးပြုပါသည်။
ကျွန်ုပ်တို့၏ စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်း မော်ဒယ်များသည် သတ်သတ်မှတ်မှတ်အစီအစဥ်ထည့်သွင်းထားခြင်းမျိုးမဟုတ်ဘဲ အချက်အလက်သစ်များကို လက်ခံရယူ၍ လေ့လာသင်ယူသည့် ကျွန်ုပ်တို့၏ ကြော်ငြာပေးပို့မှုစနစ်မှ အစိတ်အပိုင်းများဖြစ်ပါသည်။
ဤနည်းဖြင့် သင်နှင့်သက်ဆိုင်မှုရှိနိုင်သော ကြော်ငြာများကို ပေးပို့ခြင်းကဲ့သို့ ကျွန်ုပ်တို့၏ လုပ်ငန်းတာဝန်များကို လျင်မြန်ထိရောက်မှုရှိစွာ ဆောင်ရွက်ရန်အတွက် စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်း မော်ဒယ်များကို ခွင့်ပြုပေးပါသည်။
သင်မြင်တွေ့ရသော ကြော်ငြာများကို ဆုံးဖြတ်သည့်အရာများ
သင့်အား ပြသသည့် ကြော်ငြာများကို ဆုံးဖြတ်ရာတွင် ကျွန်ုပ်တို့ အသုံးပြုသည့် အဓိကအချက်နှစ်ချက်မှာ -
- ကြော်ငြာသူ၏ ပရိသတ်ရွေးချယ်မှု
- ကျွန်ုပ်တို့၏ ကြော်ငြာလေလံ ရလဒ်များ
ကြော်ငြာလေလံကာလအတွင်း ကျွန်ုပ်တို့၏ စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်း မော်ဒယ်များသည် အဓိကအချက်သုံးချက်ဖြစ်သည့် ကြော်ငြာသူ ကမ်းလှမ်းဈေး၊ ခန့်မှန်း ပေါက်ရောက်မှုနှုန်းနှင့် ကြော်ငြာအရည်အသွေးရမှတ် တို့မှ "စုစုပေါင်းတန်ဖိုးရမှတ်" ကို တွက်ချက်ပါသည်။
စုစုပေါင်း ကြော်ငြာတန်ဖိုးအမြင့်ဆုံး ရရှိသည့် ကြော်ငြာသည် သင့်ထံသို့ ပေးပို့သော ကြော်ငြာဖြစ်ပါသည်။
ကြော်ငြာသူ၏ ပရိသတ်ရွေးချယ်မှု
ကြော်ငြာသူများသည် ကြော်ငြာကမ်ပိန်းတစ်ခုကို ဖန်တီးနေစဥ် ကျွန်ုပ်တို့၏ လုပ်ငန်းသုံးကိရိယာများမှတစ်ဆင့် သူတို့၏ ဆန္ဒရှိသော ပရိသတ်ကို ဦးစွာ ရွေးချယ်ပါသည်။
ကြော်ငြာသူများသည် အသက်၊ တည်နေရာ၊ စိတ်ဝင်စားမှုများနှင့် အမျိုးအစားများအပေါ် အခြေခံ၍ ပရိသတ်များကို ဖန်တီးနိုင်ပါသည်။ ဥပမာ သင်အရေးယူဆောင်ရွက်သောအရာများကို ပေါင်းစည်းထားသည့် ကျွန်ုပ်တို့ထံ ပေးထားသော အချက်အလက်အချို့တွင် သင်သည် အချက်အပြုတ် သို့မဟုတ် အားကစားလေ့ကျင့်မှုကဲ့သို့ ကိစ္စရပ်တစ်ခုခုကို စိတ်ဝင်စားကြောင်းဖြစ်စေ၊ မိုဘိုင်းအသုံးပြုသူတစ်ဦးကဲ့သို့သင်သည် အုပ်စုကြီးတစ်ခုတွင် (အမျိုးအစားတစ်ခုဟု ခေါ်တွင်သည်) ပါဝင်မှုရှိနေနိုင်ကြောင်း ကျွန်ုပ်တို့ကို အကြံပြုနိုင်ပါသည်။
ကြော်ငြာသူများသည် စိတ်ကြိုက်ပရိသတ် သို့မဟုတ် အလားတူ ပရိသတ်တစ်ခုကို ဖန်တီးရန်အတွက် သူတို့၏ ဝက်ဘ်ဆိုက်သို့ ဝင်ကြည့်ရှုသူများ သို့မဟုတ် အီးမေးများ စာရင်းတစ်ခု ကဲ့သို့ သူတို့တွင်ရှိသည့် ပရိသတ်များနှင့်သက်ဆိုင်သော အချက်အလက်များကိုလည်း အသုံးပြုနိုင်ပါသည်။
မှတ်ချက် -
- ကြော်ငြာသူများသည် အသက်နှင့် တည်နေရာကိုသာ အခြေခံ၍ ဆယ်ကျော်သက်များကို သူတို့၏ ပရိသတ်ထဲတွင် ထည့်သွင်းနိုင်ပါသည်။
- ကြော်ငြာသူများသည် ချေးငွေ၊ အလုပ်အကိုင် သို့မဟုတ် အိမ်ရာ အခွင့်အလမ်းများနှင့်ပတ်သက်သည့် ကြော်ငြာများကို ပြသသည့်အခါ ကျွန်ုပ်တို့အနေဖြင့် ပရိသတ်ဖန်တီးရန် ရွေးချယ်နိုင်သော အမျိုးအစားများကို ကန့်သတ်ပါသည်။
ကြော်ငြာလေလံ
သတ်မှတ်ထားသောအချိန်၌ သင့်အား ပြသရန် အကောင်းဆုံး ကြော်ငြာများအဖြစ် ဆုံးဖြတ်ရာတွင် ကျွန်ုပ်တို့ အသုံးပြုသည့် ဒုတိယအဆင့်မှာ ကြော်ငြာလေလံဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စနစ်သည် ကြော်ငြာသူ၏ ရွေးချယ်ထားသော ပရိသတ်တွင် သင်ပါဝင်ခဲ့သည့် ကြော်ငြာများကိုစုစည်းပြီး ၎င်းတို့ကို လေလံစင်မြင့်တွင် ထားရှိလိုက်ပါသည်။
လေလံပွဲသို့ ဝင်ရောက်သည့် ကြော်ငြာများအတွက် စုစုပေါင်းတန်ဖိုး ရမှတ် အမြင့်ဆုံး ရရှိထားသော ကြော်ငြာများအပေါ်မူတည်ပြီး ကျွန်ုပ်တို့၏ စနစ်က ထိပ်တန်းကြော်ငြာများကို ရွေးချယ်ပါသည်။
အနိုင်ရသည့် ကြော်ငြာသည် လူပရိသတ်နှင့် လုပ်ငန်းနယ်ပယ်နှစ်မျိုးစလုံးတွင် တန်ဖိုးအမြင့်ဆုံးဖြစ်ကြောင်း သေချာစေရန် ကြော်ငြာလေလံတွင် အနိုင်ရရှိသည့် (သင့်အား ပြသသည့် ကြော်ငြာ) ကြော်ငြာသည် စုစုပေါင်းတန်းဖိုးရမှတ် အမြင့်ဆုံးရရှိထားသော ကြော်ငြာဖြစ်ပါသည်။
စုစုပေါင်းတန်ဖိုးရမှတ်သည် အဓိကအချက်သုံးချက်ဖြစ်သည့် "ကြော်ငြာသူ ကမ်းလှမ်းဈေး"၊ "ခန့်မှန်းပေါက်ရောက်မှုနှုန်း" နှင့် "ကြော်ငြာအရည်အသွေး" စသည်တို့ကို ထည့်သွင်းစဥ်းစားသော တွက်ချက်မှုတစ်ခုဖြစ်ပါသည်။
- ကြော်ငြာသူ ကမ်းလှမ်းစျေး။ ၎င်းသည် ကြော်ငြာတစ်ခုအတွက် ကြော်ငြာသူတစ်ဦးက သတ်မှတ်သော ကမ်းလှမ်းသည့်စျေးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကြော်ငြာလေလံတွင် အနိုင်ရရှိသူကို ဆုံးဖြတ်ရန်အတွက် စုစုပေါင်း တန်ဖိုးရမှတ်ကို အသုံးပြုသောကြောင့် ကမ်းလှမ်းစျေးအမြင့်ဆုံးသတ်မှတ်သည့် ကြော်ငြာသူတစ်ဦးသည် လေလံပွဲတွင် အမြဲတစေ အနိုင်ရရှိမည်မဟုတ်ပါ။
- ခန့်မှန်းပေါက်ရောက်မှုနှုန်း။ ခန့်မှန်း ပေါက်ရောက်မှုနှုန်းဆိုသည်မှာ ကြော်ငြာသူ၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုမှု သို့မဟုတ် သူ၏ အက်ကို ထည့်သွင်းမှုကဲ့သို့ ကြော်ငြာသူ၏ ဆန္ဒရှိသော လုပ်ဆောင်မှုကို သင်၏လုပ်ဆောင်နိုင်ခြေအပေါ် ခန့်မှန်းချက်တစ်ခုဖြစ်ပါသည်။ ဤသို့လုပ်ဆောင်ရန်အတွက် ကျွန်ုပ်တို့၏ စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်း မော်ဒယ်များသည် Meta နည်းပညာဖန်တီးမှုများ အတွင်းနှင့် ပြင်ပရှိ သင်၏လှုပ်ရှားဆောင်ရွက်မှုအပြင် အခြားအကြောင်းအချက်များကိုလည်း ထည့်သွင်းစဥ်းစားနိုင်ပါသည်။
- ကြော်ငြာအရည်အသွေး။ကြော်ငြာ အရည်အသွေးရမှတ်သည် ကြော်ငြာတစ်ခု၏ အရည်အသွေးကို တိုင်းတာမှုတစ်ခုဖြစ်ပါသည်။ ကြော်ငြာအရည်အသွေးရမှတ်ကို စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်း မော်ဒယ်များက ဆုံးဖြတ်ပေးသလို ၎င်းကြော်ငြာကို လူများကြည့်ရှုမှု သို့မဟုတ် ဖျောက်ထားမှုဆိုင်ရာ သဘောထားမှတ်ချက်အပြင် အရည်အသွေးနိမ့်သော အရည်အချင်း အကဲဖြတ်မှုများ (ကြော်ငြာ၏ ဓာတ်ပုံတွင် စာသားများလွန်ကဲစွာ ထည့်သွင်းခြင်း၊ ထိတ်လန့်ရင်ဖိုစေသည့် အသုံးအနှုန်း သို့မဟုတ် လာထိတွေ့စေရန် ဆွယ်ခြင်းကဲ့သို့) စသည့် မူလရင်းမြစ်များစွာကိုလည်း အသုံးပြုပါသည်။
ခန့်မှန်း ပေါက်ရောက်မှုနှုန်းများနှင့် ကြော်ငြာအရည်အသွေးသည် ၎င်းကြော်ငြာတွင် အမြင့်ဆုံး ကြော်ငြာသူ ကမ်းလှမ်းဈေး မရရှိခဲ့လျှင်ပင် သင်နှင့် ပို၍သက်ဆိုင်မှုရှိသော ကြော်ငြာများအား သင်မြင်တွေ့နေရကြောင်း သေချာစေရေးတွင် ကူညီပေးပါသည်။
မှတ်ချက် -
- အကယ်၍ ကြော်ငြာသူသည် နှိပ်ကြည့်ရန် လှည့်ဖြားဆွဲဆောင်မှုနှင့် လာထိတွေ့စေရန် ဆွယ်ခြင်းတို့တွင် ပါဝင်ပတ်သက်နေပါက ၎င်းသည် ထိုသူ၏ ကြော်ငြာ စွမ်းဆောင်ရည်ကို တိုးတက်စေခြင်းမရှိပါ။
- လေလံရလဒ်များနှင့် စျေးနှုန်းများကို သက်ရောက်မှုရှိနိုင်သော ချိန်ညှိမှုများကို ကျွန်ုပ်တို့ ပြုလုပ်နိုင်ပါသည်။ ကြော်ငြာလေလံ ချိန်ညှိမှုများအကြောင်း ပိုမိုလေ့လာလိုက်ပါ။
စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်းက ကြော်ငြာပေးပို့ခြင်းကို တိုးတက်ကောင်းမွန်လာစေပုံ
ကြော်ငြာတစ်ခုကို ကြည့်ရှုခြင်း၊ သဘောထားမှတ်ချက်မျှဝေခြင်း သို့မဟုတ် ကြော်ငြာသူ၏ ဝက်ဘ်ဆိုက်ပေါ်တွင် ဝယ်ယူရန်အတွက် ကလစ်နှိပ်ခြင်းတို့ကို လူများ ပိုမိုပြုလုပ်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ မော်ဒယ်များသည် ကြော်ငြာတစ်ခု၏ ခန့်မှန်း ပေါက်ရောက်မှုနှုန်းနှင့် ကြော်ငြာအရည်အသွေးကို ခန့်မှန်းရာတွင် ပိုမိုတိုးတက်လာပါသည်။
ကြော်ငြာများအား သင်မြင်တွေ့ရသည့်ပုံစံကို စိစစ်သုံးသပ်ရန်နှင့် စီမံရန် နည်းလမ်းများ
- သင်မြင်တွေ့ရသော ကြော်ငြာများအပေါ် လွှမ်းမိုးမှုရှိစေရန်အတွက် ကြော်ငြာစင်တာတွင် သင်၏ ကြော်ငြာဆိုင်ရာ စိတ်ကြိုက်သတ်မှတ်ချက်များကို စိတ်ကြိုက်ပြင်ဆင်ခြင်း။ အခြားလုပ်ငန်းများ သို့မဟုတ် အဖွဲ့အစည်းများက ၎င်းတို့၏ အက်ပ်များ၊ ဝဘ်ဆိုက်များပေါ်ရှိ သင်၏လှုပ်ရှားဆောင်ရွက်မှုများ သို့မဟုတ် ဆိုင်အတွင်း ဝယ်ယူမှုများကဲ့သို့သော လက်တွေ့ပြင်ပ ထိတွေ့ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ထံ ပေးပို့လာသည့် အချက်အလက်များကို သင့်အား ကြော်ငြာများ ပြသရန်အတွက် အသုံးပြုခြင်း ရှိ၊ မရှိ ရွေးချယ်နိုင်ရန် သင်၏ အခြားလုပ်ငန်းများမှ လှုပ်ရှားဆောင်ရွက်မှု ဆက်တင်များ ကိုလည်း အပ်ဒိတ်လုပ်နိုင်ပါသည်။
မှတ်ချက် -သင်၏ ကြော်ငြာဆိုင်ရာ စိတ်ကြိုက်သတ်မှတ်ချက်များနှင့် အချက်အလက်နှင့် ခွင့်ပြုချက် ဆက်တင်များကို ပြောင်းရန်အတွက် သင်လော့ဂ်အင်ဝင်ထားရပါမည်။ - သင့်အတွက် စိတ်ဝင်စားဖွယ်မရှိသော သို့မဟုတ် အသုံးမဝင်သော ကြော်ငြာတစ်ခုကို ဖျောက်ပါ သို့မဟုတ် သီးခြားကြော်ငြာတစ်ခု သင်မြင်တွေ့နေရသည့် အကြောင်းရင်းကို စိစစ်သုံးသပ်ပါ။
- သင့်အချက်အလက်များကို သင်မျှဝေလိုသူနှင့်သာ မျှဝေနေသည်ကို သေချာစေရန် သင်၏ ပရိုဖိုင်ဆက်တင်များကို ပြင်ဆင်ပြီး ကိုယ်ရေးလုံခြုံမှု စစ်ဆေးခြင်းကို ပြီးမြောက်အောင်ဆောင်ရွက်ပါ။
- သင့် Facebook ပရိုဖိုင်အတွက် သင့်လုပ်ဆောင်မှုမှတ်တမ်း၊ Facebook ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှုစင်တာကို ကြည့်ရှုရန် အကောင့်စင်တာတွင်ရှိသော သင့်အချက်အလက်များကို ဝင်ရောက်ကြည့်ရှုရန် သို့ သွားရောက်ပါ။
- သင့်အချက်အလက်များကို စက်ပစ္စည်း သို့မဟုတ် ပြင်ပဝန်ဆောင်မှုတစ်ခုသို့ လွှဲပြောင်းထုတ်ယူနိုင်သည့် သင့်အချက်အလက်များကို လွှဲပြောင်းထုတ်ယူရန် သို့ သွားရောက်ပါ။ သင့်အချက်အလက်များ လွှဲပြောင်းထုတ်ယူခြင်းအကြောင်းကို ပိုမိုလေ့လာကြည့်ပါ။
- သင်မြင်တွေ့ရသော ကြော်ငြာများနှင့် ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို ပြသရန်အတွက် ကြော်ငြာသူ ရွေးချယ်မှုများနှင့် 'စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်း မော်ဒယ်များ' ကို အသုံးပြုသည့် ဒီကြော်ငြာကို ကျွန်ုပ် ဘာလို့ မြင်နေရတာလဲ။ကိရိယာပါသော ကြော်ငြာအား သင်မြင်တွေ့နေရသည့်အကြောင်းကို ပိုမိုလေ့လာကြည့်ပါ။ ဒီကြော်ငြာကို ကျွန်ုပ် ဘာလို့ မြင်နေရတာလဲ။ သည် သင့်အား Facebook အလင်းစဉ်တွင် ကြော်ငြာများကို နှိပ်ရန်၊ ၎င်းကြော်ငြာများ ပေါ်လာရသည့် အကြောင်းအရင်းကို သိရှိစေရန်နှင့် သင်မြင်တွေ့ရသော အရာများကို ထပ်မံ၍ စိတ်ကြိုက်သတ်မှတ်ရန် ခွင့်ပြုပေးပါသည်။ ကြော်ငြာတစ်ခုကို သင်မြင်တွေ့ရသည့် အကြောင်းအရင်းများအကြောင်း ပိုမိုလေ့လာကြည့်ပါ။
Facebook ပေါ်ရှိ ကြော်ငြာများနှင့်စပ်လျဥ်း၍ အဖြစ်များသော အထင်လွဲမှားမှုများ
- Meta သည် သင်၏ အချက်အလက်များကို ကြော်ငြာသူများ သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်ထံသို့မျှ ရောင်းချခြင်း မပြုလုပ်ပါ။
- သင် ခွင့်ပြုပေးခြင်း မရှိပါက ကျွန်ုပ်တို့သည် သင်၏ မည်သူမည်ဝါအထောက်အထားပြ အချက်အလက်ကို ကြော်ငြာသူများနှင့် မျှဝေခြင်းမပြုပါ။
- Meta သည် ကြော်ငြာများအား အသိပေးအကြောင်းကြားရန် သို့မဟုတ် သင်၏ Facebook အလင်းစဉ်တွင် သင်မြင်တွေ့ရသည့် အကြောင်းအရာများကို ပြောင်းရန်အတွက် လူများ၏ စာသားမက်ဆေ့များ သို့မဟုတ် ဖုန်းများ၏ မိုက်ကရိုဖုန်းကို အသုံးမပြုပါ။
ကျွန်ုပ်တို့ လက်ခံရရှိသည့် အချက်အလက်များအကြောင်းနှင့် ၎င်းတို့အား ကျွန်ုပ်တို့ အသုံးပြုပုံကို ပိုမိုလေ့လာရန် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ နှင့် ကွတ်ကီးမူဝါဒတွင် ဝင်ကြည့်ပါ။
ဆက်စပ် ဆောင်းပါးများ
ဆက်စပ် ဆောင်းပါးများ
အကူအညီ ရယူနိုင်တဲ့ အခြားနည်းလမ်းများ
Meta AI ပံ့ပိုးကူညီရေး လက်ထောက်နဲ့ စကားပြောရန်
ပြဿနာတွေကို ဖြေရှင်းတာ၊ ပြောင်းလဲမှုတွေ ပြုလုပ်တာနဲ့ အချိန်နဲ့တစ်ပြေးညီ ပံ့ပိုးကူညီမှု ရယူတာတွေကို လုပ်ဆောင်လိုက်ပါ
